Monday, December 5, 2022

Lawyer's Handbook Law Firm (ဥပဒေအကြံပေး)

ဦးဇေယျာညီညီလတ်(အထက်တန်းရှေ့နေ)
၁၉၇၅ ခုနှစ် ၊ စက်တင်ဘာလ (၉) ရက် တွင် မွေးဖွားခဲ့ပြီး အထက (၁) အင်းစိန် ၊ စက်မှုလက်မှု အထက်တန်းကျောင်း (အောင်ဆန်း) ၊ သန်လျင် စက်မှုလက်မှုသိပ္ပံ ၊ ရန်ကုန်အဝေးသင် တက္ကသိုလ် တို့တွင် ပညာသင်ကြားခဲ့သည် ။ LL.B. ဘွဲ့ နှင့် A.G.T.I (Electrical Power) Diploma များ ရရှိခဲ့သည်။
၂၀၀၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဒုတိယမြို့နယ်တရားသူကြီး ၊ တွဲဖက်မြို့နယ်တရားသူကြီး ၊ မြို့နယ် တရားသူကြီး အဖြစ် ရာထူးအဆင့်ဆင့်ဖြင့် တရားရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့သည် ။ ၂၀၁၀ ခုနှစ်တွင် အထက်တန်းရှေ့နေ လိုင်စင် ရရှိခဲ့သည် ။ ၂၀၁၈ ခုနှစ်မှ လက်ရှိအချိန် ကာလအထိ မြန်မာနိုင်ငံရှိ ကုမ္ပဏီ အုပ်စုကြီးများတွင် Legal Department Head တာဝန်ကို Legal Manager အဖြစ်လည်းကောင်း ၊ Deputy General Manager (Legal) အဖြစ်လည်းကောင်း တာဝန်ယူလုပ်ကိုင် ဆောင်ရွက်လျက် ရှိပါသည် ။ 
တရားသူကြီးအဖြစ် အမှုစစ်ဆေးဆောင်ရွက်ခြင်းဖြင့်လည်းကောင်း ၊ ကုမ္ပဏီအုပ်စုကြီးများ၏ Legal Department Head အဖြစ် တာဝန်ယူစီမံခန့်ခွဲဆောင်ရွက်ခြင်းဖြင့် လည်းကောင်း တရားမမှု အမျိုးမျိုး နှင့် ရာဇဝတ်ပြစ်မှု မြောက်မြားစွာတို့ကို ကောင်းစွာနှံ့စပ်ကျွမ်းကျင်၍ ဥပဒေပညာရပ်လုပ်ငန်း နယ်ပယ်တွင် နှစ် (၂၀) ကျော် အတွေ့အကြုံရှိသူ ဖြစ်ပါသည် ။ 
Lawyer’s Handbook Law Firm 
 (ဉပဒေအကြံပေး)

Lawyer's Handbook Law Firm (ဥပဒေအကြံပေး)

ဦးနန္ဒရှိန် (တရားလွှတ်တော်ရှေ့‌နေ)
၁၉၈၇ ခုနှစ် ၊ ဇူလိုင်လ (၃၁) ရက်တွင် မွေးဖွားခဲ့ပြီး အထက (၂) မြောက်ဉက္ကလာ ၊ ဒဂုံအဝေးသင်တက္ကသိုလ် တို့တွင် ပညာသင်ကြားခဲ့ပြီး LL.B. ဘွဲ့ ရရှိခဲ့သည် ။ 
၂၀၁၃ ခုနှစ်တွင် အထက်တန်းရှေ့နေလိုင်စင်၊ ၂၀၁၈ ခုနှစ်တွင် တရားလွှတ်တော်ရှေ့နေ လိုင်စင်တို့ကို ရရှိခဲ့ပါသည် ။ ၂၀၁၃ ခုနှစ် အထက်တန်းရှေ့နေလိုင်စင် ရရှိပြီးသည့် အချိန်မှစ၍ ချိန်ဘာမာစတာ ဖြစ်သည့် ဆရာဦးခင်မောင်ညွှန် (တရားလွှတ်တော်ရှေ့နေ)၊ ဆရာဦးတင်အေး (တရားလွှတ်တော်ရှေ့နေ) နှင့် ဆရာဦးအောင်သူ (တရားလွှတ်တော်ရှေ့နေ) တို့ထံ၌ စာချုပ်စာတမ်းချုပ်ဆိုပေးခြင်းပညာ၊ ဉပဒေပညာ နှင့် တရားခွင်၌ အမှုစစ်ဆေးခြင်း ပညာရပ်တို့ကို လေ့လာ ဆည်းပူးခဲ့ပါသည်။ ထိုနောက် ၂၀၁၆ ခုနှစ် အောက်တိုဘာလ မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အထိ သတ္တုတွင်းတူးဖော်ခြင်းလုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာလုပ်ငန်းများ၊ ဒစ်ဂျစ်တယ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ အကြီးစား စက်ယန္တရားများ ရောင်းဝယ်ရေး လုပ်ငန်းများ၊ လုပ်ငန်းသုံး မီးစက်ကြီးများ ရောင်းဝယ်ရေး လုပ်ငန်းများ၊ လယ်ယာသုံး စက်ပစ္စည်းများ နှင့် စိုက်ပျိုးရေး ဆေးပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း နှင့် အပိုပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းများ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်နေသည့် UMG Myanmar Group of Companies ၏ Corporate Management Control Division အောက်တွင်ရှိသော ဉပဒေဌာနတွင် အလုပ်သင်ရှေ့နေအဖြစ် လည်ကောင်း၊ Part Time Legal Advisor အဖြစ် လည်ကောင်း၊ Assistant Lawyer အဖြစ် လည်ကောင်း၊ တာဝန်ယူ လုပ်ကိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှ စ၍ လက်ရှိအချိန် ကာလအထိ Ayeyar HinThar Holdings Company ၏ Legal Department တွင် Assistant Legal Consultant ရာထူးဖြင့် ကုမ္ပဏီ၏ စီးပွားရေး လုပ်ငန်းများနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဉပဒေအကြံပေးခြင်း၊ ရာဇဝတ်များ၊ တရားမမှုများ စွဲဆိုပေးရသည့် တာဝန်များကိုလုပ်ကိုင် ဆောင်ရွက်လျက် ရှိပါသည် ။ 
ကုမ္ပဏီအုပ်စုကြီးများ၏ Legal Department တွင် Part Time Legal Advisor ၊ Assistant Lawyer ၊ Assistant Legal Consultant အဖြစ် တာဝန်ယူ စီမံခန့်ခွဲဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ အမှုစစ်ဆေး ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ တရားမမှုအမျိုးမျိုး နှင့် ရာဇဝတ်ပြစ်မှု မြောက်မြားစွာတို့ကို ဆောင်ရွက်ပေးခဲ့ရသည့်အတွက် ကုမ္ပဏီရေးရာ ဉပဒေလုပ်ငန်းများတွင် ကောင်းစွာ နှံ့စပ်ကျွမ်းကျင်၍ ဥပဒေပညာရပ် လုပ်ငန်းနယ်ပယ်တွင် (၁၀) နှစ် ကျော် အတွေ့အကြုံရှိသူ ဖြစ်ပါသည် ။ 
Lawyer’s Handbook Law Firm 
(ဉပဒေအကြံပေး)




Wednesday, January 13, 2021

ရဲများသည် သူတစ်ဦးကို ၂၄ နာရီထက် ပို၍ ချုပ်နှောင် ခွင့်ရှိသလား။


 3️⃣ရဲများသည် သူတစ်ဦးကို ၂၄ နာရီထက်

ပို၍ ချုပ်နှောင် ခွင့်မရှိပါ။ အကြောင်းမှု-

၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ

၃၇၆ အရ အများပြည်သူအကျိုးငှာ ဥပဒေနှင့်

အညီ ကြိုတင်ကာကွယ်ရန်ကိစ္စ/ ဥပဒေ

တစ်ရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတပါး

မည်သူ့ကိုမျှ တရားသူကြီး၏ ချုပ်မိန့်မရဘဲ

၂၄ နာရီထက်ပို၍ ချုပ်နှောင်ခွင့်မရှိပါ။


၂။ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၆၁ တွင်

မည်သည့်ရဲအရာရှိကမျှ ၀ရမ်းမပါဘဲ ဖမ်းဆီး

ထားသူတစ်ဦးကို ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ

၁၆၇ အရ တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ 

ဖမ်းမိသည့်နေရာမှ ရဲစခန်းနှင့် ထိုမှတဖန်

တရားရုံးသို့ ပို့ရန် အချိန်ကို နှုတ်ပြီးလျှင်

၂၄ နာရီထက်ပို၍ ချုပ်နှောင်မထားရ။


ချုပ်မိန့် (Remand)

ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၇


၃။ ဖမ်းဆီးခံထားသူတစ်ဦးကို စုံစမ်းစစ်ဆေး

ရာတွင် အထက်ဖော်ပြပါ ပုဒ်မများအရ

သတ်မှတ်သည့် ၂၄ နာရီအတွင်း ပြီးနိုင်မည့်

ပုံမပေါ်သည့်အပြင် စွပ်စွဲချက်/သတင်းပေးချက်

များသည် ခိုင်လုံသည်ဟု ယုံကြည်ရန်အကြောင်း

ရှိလျှင် ရဲအရာရှိက အမှုဆိုင်ရာ မှတ်တမ်းမိတ္တူ

များနှင့် အတူ ဖမ်းဆီခံထားရသူကို အနီးဆုံး

တရားသူကြီးထံ ချက်ချင်းပေးပို့ရမည်။


၄။ အဆိုပါ ဖမ်းဆီးစွပ်စွဲခံရသူကို လက်ခံရရှိ သည့် တရားသူကြီးသည် ထိုအမှုကို စစ်ဆေး

စီရင်ပိုင်ခွင့် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ

မိမိသင့်သည် ထင်မြင်သည့် အတိုင်း စွပ်စွဲခံ

ရသူအား ချုပ်နှောင်နိုင်သည်။


၅။ သို့ရာတွင် စွပ်စွဲခံရသူမှာ အလုပ်ကြမ်း

နှင့် ထောင်ဒဏ် ၇ နှစ်အောက်မနည်းသော

ပြစ်ဒဏ်ကို ချမှတ်နိုင်သည့် ပြစ်မှုနှင့် စွပ်စွဲ

ခံရလျှင် ထိုသူကို ရက်ပေါင်း ၃၀ ထက်ပို၍

ချုပ်နှောင်မထားရ။ ထိုပြင် စွပ်စွဲခံရသော

ပြစ်မှုသည် အလုပ်ကြမ်းနှင့် ထောင်ဒဏ်

၇နှစ်အောက်သာ ချမှတ်နိုင်သော ပြစ်မှု

ဖြစ်ပါက စွပ်စွဲခံရသူကို ၁၅ ရက်ထက်ပို၍

ချုပ်နှောင်မထားရ။


ချုပ်မိန့်မပေးရန် တင်ပြခြင်း။

တရားရုံးများလက်စွဲ အပိုဒ် ၄၀၃


၆။ ရဲတောင်းသည့်အတိုင်း ချုပ်ရမန်မပေးရန်

ကန့်ကွက်နိုင်သည်။ အာမခံပေးရန်နှင့် အခြား

သော လျှောက်ထားမှုများကိုလည်း ပြုလုပ်ခွင့်

ရှိသည်။ ရဲကနှိပ်စက်လျှင် တရားသူကြီးအား

အရေးယူပေးရန် တင်ပြနိုင်သည်။


ဖမ်းဆီးထားသူအား လွှတ်ပေးခြင်း။

ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၆၃


၇။ ရဲသည် မိမိဖမ်းဆီထားသူကို ကိုယ်တိုင်

ခံ၀န်ချုပ်မရှိဘဲဖြစ်စေ အာမခံမပေးဘဲဖြစ်စေ

တရားသူကြီး၏ အမိန့်မပါဘဲဖြစ်စေ မလွှတ်ရ။


ချုပ်မိန့်မရှိဘဲ ၂၄ နာရီထက်ပိုမို

ချုပ်နှောင်ထားခြင်း။


၈။ ရဲသည် စွပ်စွဲခံရသူအား ၂၄ နာရီထက်ပို၍

ချုပ်နှောင်ထားပါက ရာဇသတ်ကြီးဥပဒေ ပုဒ်မ

၃၄၀ မတရားချုပ်နှောင်ထားမှုကို ဖောက်ဖျက် ကျူးလွန်ရာရောက်သည်။


Ref :  ၁။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ 

          ၂။ ရာဇ၀တ်ကျင့်ထုံးဥပဒေ

          ၃။  ပြည်သူ့ ရဲတာ၀န်- ဦးချစ်ခိုင်

          ၄။ ပြည်သူလူထုသိမှတ်ဖွယ်ရာ

              ရဲလက်စွဲ ဥပဒေအခြေခံများ

VOIDADLE CONTRACT


 1️⃣ပဋိဥာဉ် တခုကို ချုပ်ဆိုရာ၌ သဘောတူညီချက်တခုကို ပေးအပ်ရာတွင် ထိုသဘောတူညီချက်သည်-contract art (ပုဒ်မ ၂ (စျ) )

(၁ )အဓမ္မနည်းအားဖြင့်၄င်း

(၂ )နိူင်ထက်စီးနင်းပြုခြင်းဖြင့်၄င်း(coercion)

(၃ )လိမ်ညာလှည့်ဖြားခြင်းဖြင့်၄င်း(fraud)

(၄ )လွဲမှားဖေါ်ပြခြင်းဖြင့်၄င်း(misrepresentation)

(၅ )မသင့်လျော်သော သြဇာလွှမ်းမိုးမှုဖြင့်၄င်း(undue influence)

ထိုကဲ့သို့ အဓမ္မတနည်းနည်းက်ို အခြေပြု၍ သဘောတူညီချက်ပေးခဲ့ရသည်ရှိသော် ထိုသူသည် မိမိဆန္ဒအရ သဘောတူညီချက်ကို ရှောင်လိုက ရှောင်နိူင်၍ ပဋိဥာဉ်ကို ပယ်ဖျတ်လိုကပယ်ဖျတ်နိူင်သည်။(Note)

Lawyer's Handbook Law Firm (ဥပဒေအကြံပေး)

ဦးဇေယျာညီညီလတ်(အထက်တန်းရှေ့နေ) ၁၉၇၅ ခုနှစ် ၊ စက်တင်ဘာလ (၉) ရက် တွင် မွေးဖွားခဲ့ပြီး အထက (၁) အင်းစိန် ၊ စက်မှုလက်မှု အထက်တန်းကျောင်း (အောင်ဆ...