Wednesday, January 13, 2021

ရဲများသည် သူတစ်ဦးကို ၂၄ နာရီထက် ပို၍ ချုပ်နှောင် ခွင့်ရှိသလား။


 3️⃣ရဲများသည် သူတစ်ဦးကို ၂၄ နာရီထက်

ပို၍ ချုပ်နှောင် ခွင့်မရှိပါ။ အကြောင်းမှု-

၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ

၃၇၆ အရ အများပြည်သူအကျိုးငှာ ဥပဒေနှင့်

အညီ ကြိုတင်ကာကွယ်ရန်ကိစ္စ/ ဥပဒေ

တစ်ရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတပါး

မည်သူ့ကိုမျှ တရားသူကြီး၏ ချုပ်မိန့်မရဘဲ

၂၄ နာရီထက်ပို၍ ချုပ်နှောင်ခွင့်မရှိပါ။


၂။ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၆၁ တွင်

မည်သည့်ရဲအရာရှိကမျှ ၀ရမ်းမပါဘဲ ဖမ်းဆီး

ထားသူတစ်ဦးကို ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ

၁၆၇ အရ တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ 

ဖမ်းမိသည့်နေရာမှ ရဲစခန်းနှင့် ထိုမှတဖန်

တရားရုံးသို့ ပို့ရန် အချိန်ကို နှုတ်ပြီးလျှင်

၂၄ နာရီထက်ပို၍ ချုပ်နှောင်မထားရ။


ချုပ်မိန့် (Remand)

ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၇


၃။ ဖမ်းဆီးခံထားသူတစ်ဦးကို စုံစမ်းစစ်ဆေး

ရာတွင် အထက်ဖော်ပြပါ ပုဒ်မများအရ

သတ်မှတ်သည့် ၂၄ နာရီအတွင်း ပြီးနိုင်မည့်

ပုံမပေါ်သည့်အပြင် စွပ်စွဲချက်/သတင်းပေးချက်

များသည် ခိုင်လုံသည်ဟု ယုံကြည်ရန်အကြောင်း

ရှိလျှင် ရဲအရာရှိက အမှုဆိုင်ရာ မှတ်တမ်းမိတ္တူ

များနှင့် အတူ ဖမ်းဆီခံထားရသူကို အနီးဆုံး

တရားသူကြီးထံ ချက်ချင်းပေးပို့ရမည်။


၄။ အဆိုပါ ဖမ်းဆီးစွပ်စွဲခံရသူကို လက်ခံရရှိ သည့် တရားသူကြီးသည် ထိုအမှုကို စစ်ဆေး

စီရင်ပိုင်ခွင့် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ

မိမိသင့်သည် ထင်မြင်သည့် အတိုင်း စွပ်စွဲခံ

ရသူအား ချုပ်နှောင်နိုင်သည်။


၅။ သို့ရာတွင် စွပ်စွဲခံရသူမှာ အလုပ်ကြမ်း

နှင့် ထောင်ဒဏ် ၇ နှစ်အောက်မနည်းသော

ပြစ်ဒဏ်ကို ချမှတ်နိုင်သည့် ပြစ်မှုနှင့် စွပ်စွဲ

ခံရလျှင် ထိုသူကို ရက်ပေါင်း ၃၀ ထက်ပို၍

ချုပ်နှောင်မထားရ။ ထိုပြင် စွပ်စွဲခံရသော

ပြစ်မှုသည် အလုပ်ကြမ်းနှင့် ထောင်ဒဏ်

၇နှစ်အောက်သာ ချမှတ်နိုင်သော ပြစ်မှု

ဖြစ်ပါက စွပ်စွဲခံရသူကို ၁၅ ရက်ထက်ပို၍

ချုပ်နှောင်မထားရ။


ချုပ်မိန့်မပေးရန် တင်ပြခြင်း။

တရားရုံးများလက်စွဲ အပိုဒ် ၄၀၃


၆။ ရဲတောင်းသည့်အတိုင်း ချုပ်ရမန်မပေးရန်

ကန့်ကွက်နိုင်သည်။ အာမခံပေးရန်နှင့် အခြား

သော လျှောက်ထားမှုများကိုလည်း ပြုလုပ်ခွင့်

ရှိသည်။ ရဲကနှိပ်စက်လျှင် တရားသူကြီးအား

အရေးယူပေးရန် တင်ပြနိုင်သည်။


ဖမ်းဆီးထားသူအား လွှတ်ပေးခြင်း။

ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၆၃


၇။ ရဲသည် မိမိဖမ်းဆီထားသူကို ကိုယ်တိုင်

ခံ၀န်ချုပ်မရှိဘဲဖြစ်စေ အာမခံမပေးဘဲဖြစ်စေ

တရားသူကြီး၏ အမိန့်မပါဘဲဖြစ်စေ မလွှတ်ရ။


ချုပ်မိန့်မရှိဘဲ ၂၄ နာရီထက်ပိုမို

ချုပ်နှောင်ထားခြင်း။


၈။ ရဲသည် စွပ်စွဲခံရသူအား ၂၄ နာရီထက်ပို၍

ချုပ်နှောင်ထားပါက ရာဇသတ်ကြီးဥပဒေ ပုဒ်မ

၃၄၀ မတရားချုပ်နှောင်ထားမှုကို ဖောက်ဖျက် ကျူးလွန်ရာရောက်သည်။


Ref :  ၁။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ 

          ၂။ ရာဇ၀တ်ကျင့်ထုံးဥပဒေ

          ၃။  ပြည်သူ့ ရဲတာ၀န်- ဦးချစ်ခိုင်

          ၄။ ပြည်သူလူထုသိမှတ်ဖွယ်ရာ

              ရဲလက်စွဲ ဥပဒေအခြေခံများ

No comments:

Post a Comment

Lawyer's Handbook Law Firm (ဥပဒေအကြံပေး)

ဦးဇေယျာညီညီလတ်(အထက်တန်းရှေ့နေ) ၁၉၇၅ ခုနှစ် ၊ စက်တင်ဘာလ (၉) ရက် တွင် မွေးဖွားခဲ့ပြီး အထက (၁) အင်းစိန် ၊ စက်မှုလက်မှု အထက်တန်းကျောင်း (အောင်ဆ...